မော်လမြိုင်ကျွန်းမြို့ရွှေကျွန်းဧရာအဝေးပြေးကားကြီးကွင်းအား ကွန်ကရစ်ခင်း၍ အဆင့်မြှင့်လုပ်ငန်းများဆက်လက်ဆောင် ရွက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့ရွှေကျွန်းဧရာအဝေးပြေးကားကြီးကွင်းအား ကွန်ကရစ်ခင်း၍ အဆင့်မြှင့်လုပ်ငန်းများဆက်လက်ဆောင် ရွက်မည်



MNP ၊ ဇူလိူင် ၁၃

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့ရှိ ရွှေကျွန်းဧရာအဝေးပြေးကားကြီးကွင်းတည်ဆောက်ရေးကော်မတီမှ ကားကြီးကွင်းတိုးတက်ကောင်းမွန်စေရန်အဆင့်မြှင့်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၁၄)ရက်နေ့မှစ၍ ကားကြီးကွင်းအားကွန်ကရစ်ခင်းခြင်းပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ကားကြီးကွင်းကွန်းကရစ်ခင်းနိုင်ရန်အတွက်ကားကြီးကွင်းတည်ဆောက် ရေးကော်မတီမှရန်ပုံငွေအဖြစ်တည် ဆောက်ပြီးသောဆိုင်ခန်း(၂)ခန်း ရောင်းရငွေ ကျပ်သိန်းပေါင်း(၁၀၀)ကျော်နှင့်အလျားပတ်လည်(၂၅၀)ပေ၊ အကျယ် (၂၀)ပေ၊နှင့် ထု(၉)လက်မကို စတင်အ ကောင်ထည်ဖော်ဆောင်ရွက်မှာဖြစ်သည်။

 ဆက်လက်၍ ကားကြီးကွင်းအတွင်းပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်လုပ် ငန်းရှင်များကိုလည်းထည့်ဝင်လှူဒါန်းနိုင်ရန် နိုးဆော်ထားကြောင်း ယာဉ်ပိုင်ရှင်လုပ်ငန်းရှင်များကထည့်ဝင်လှူဒါန်းလာခဲ့သော်၎င်း၊ကျန်ရှိနေသော ကော်မတီဆိုင်ခန်းများထပ်မံရောင်းထွက်ပါကပို၍ ကောင်းမွန်းအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းနှင့် ရွှေကျွန်းဧရာကားကြီးကွင်းအားကွန်ကရစ်ခင်းပြီးပါက ခုလိုရေအိုင်များ၊ရွှံဗွက်များရှိနေခြင်းမှကင်းဝေးပြီး မော်လမြိုင်ကျွန်းမြို့တွင် ခရီးသွားလာသူပြည်သူများ

နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများမှာ ပိုမိုတိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း ကားကြီးကွင်းတည်ဆောက်ရေးကော်မတီအ တွင်းရေးမှူး ဦးကျော်မောင်က ရှင်းလင်းပြောပြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)