MNP ၊ ဇူ လိုင် ၁၃
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာပညာသင်ကြား ခွင့်ရရှိနိုင်ရေးအတွက်အသက် ၅ နှစ် မှအသက်၁၂နှစ်အထိကျောင်းသား ၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်အထက်အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် ၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယ အကြိမ်ထိုးနှံပေးခြင်းကိုယနေ့နံနက် ပိုင်းက အ.ထ.က(ညောင်ချောင်း)နှင့် အ.ထ.က(ရေကျော်) စုရပ်ကျောင်းများ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ကျောင်းအခြေပြု ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပေးပြီးသည့်ကျောင်းသား၊ကျောင်းသူများအား ဒုတိယ အကြိမ် ထိုးနှံပေးခြင်း ဖြစ်ပြီး အခြေခံပညာ ကျောင်းအသီးသီး၌ ပထမအကြိမ် ထိုးနှံရန်ကျန်ရှိနေသည့် ကျောင်းသား၊ကျောင်းသူများနှင့် အသက် ၅ နှစ် မှအသက်၁၂နှစ်အထိကျောင်းသား၊ ကျောင်းသူများကို ပထမအကြိမ် အဖြစ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဒုတိယအကြိမ်ကာကွယ်ဆေးကို (၄၉၉)ဦးနှင့် ပထမအကြိမ် ကာကွယ်ဆေးကို (၁၄၁)ဦးတို့ကထိုးနှံခဲ့ကြကြောင်း သိရသည်။
အ.ထ.က(ညောင်ချောင်း)စုရပ်၌ အလကခွဲ(လောင်းကျိုး)၊ မူလွန်(တင်းတော)၊ အမက(ကိုင်းတောကွင်း)၊ အမက(အမော်)၊ အမက(ဇီးခုံ)၊ မူလွန်(ချင်းကုန်း)၊ အမက(ရွှေတွင်းတူး)နှင့် အထက(ညောင်ချောင်း)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက လည်းကောင်း၊ အထက(ရေကျော်)စုရပ်တွင် အလက ခွဲ(ပလ္လင်မော်)၊ အမက(ကံပေါက်)၊ အမက(နန်ကသူ)၊ အမက(ဂျိုင်ကြီး)၊ အမက(ကျင်းကြီး)၊ အထက(ရေကျော်)နှင့် အမက(ရေကျော် အရှေ့) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက လည်းကောင်း စုရပ်ကျောင်းများသို့ လာရောက်၍ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment