MNP ၊ ဇူလိုင် ၁၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပတ်ဝန်းကျင်ကျေးရွာများမှ မအီမြို့သို့ လာရောက်ရောင်းချကြသည့် ရင်ကွဲသရက်သီးများမှာ သရက်သီးရာသီကုန်ချိန် ရောက်ရှိတော့မည်ဖြစ်၍ ဒေသထွက်သရက်သီးများ ရှားပါးလာမှုကြောင့် ရင်ကွဲသရက်သီးရောင်းချသူများအနေဖြင့် ဈေးကောင်းရနေဟု သိရသည်။
ယခင်လက ရင်ကွဲသရက်သီးတစ်လုံးကို(၁၀၀)၊ သုံးလုံးကို ၂၀၀ ကျပ်နှင့် လက်လီဈေးရောင်းရပါကြောင်း၊ ယခုအခါ သရက်သီးသုံးလုံးကို ၅၀၀ ကျပ်၊ အလုံးကြီးရင် ငါးလုံးမှာ ၁၀၀၀ ကျပ် ရောင်းချရပါကြောင်း၊ လက်ကားဈေးဆိုရင်တော့ ရင်ကွဲသရက်သီး ၁၀၀ ကို ၇၀၀၀ မှ ၈၀၀၀ အထိရှိပါကြောင်း၊ သယ်ယူစရိတ်အနေဖြင့် သရက်သီး ၁၀၀ ဆံ့ပီနံတစ်အိတ်/ ခြင်းတောင်းတစ်လုံးကို ကားခ ၁၀၀၀ ကျပ်ပေးရသော်လည်း အခုလို ဈေးကောင်းရနေတော့ သရက်သီးကုန်သည်များအနေဖြင့် ယခင်လများထက် တွက်ခြေကိုက်ပါကြောင်းတို့ကို မအီမြို့သို့ ရင်ကွဲသရက်သီးလာရောက်ရောင်းချသူ တောင်သူများမှသိရသည်။
ရင်ကွဲသရက်သီးများကို မေလဆန်းပိုင်းစတင်၍ ရောင်းချရပြီး ထိုအချိန်က အသီးပေါ်စဖြစ်၍ တောင်သူများအနေဖြင့် ဈေးကောင်းရောင်းချခဲ့ရပါကြောင်း၊ ဇွန်လ တစ်လလုံးတွင် ဒေသထွက်သရက်သီးများ လှိုင်လှိုင်ပေါလာ၍ သရက်သီးဈေးများကျဆင်းခဲ့ပါကြောင်း၊ မအီမြို့နယ်တွင် အညင်းတောင်၊ လက်ပံ၊ ဆံထုံး၊ သဒွန်၊ ဝက်ရ၊ ချက်ဖောက်၊ ကုန်ဘောင် စသည့်ကျေးရွာများက စိုက်ပျိုးကြ၍ ခန့်မှန်းဧက(၃၀)ခန့်ရှိမည်ဖြစ်ကြောင်း၊ ရင်ကွဲသရက်သီး တစ်ဧကကို အလုံးရေ(၇၀၀၀)ခန့်ထွက်ရှိပါကြောင်း၊ ၎င်းသရက်သီများကို မေလဆန်းပိုင်းမှစတင်၍ မအီမြို့၊ တောင်ကုတ်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ တင်ပို့ရောင်းချကြကြောင်းတို့ကို အဆိုပါတောင်သူများက သိရသည်။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment