MNP ၊ ဇူလိုင် ၁၃
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန် လည် နေရာချထားရေးဝန်ကြီးဌာန၊ကျိုက်ထိုမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍အသိပညာပေးဟောပြောပွဲကိုဇူလိုင် ၁၃ ရက်နံနက် ၁၀ နာရီတွင်ကျိုက်ထိုမြို့ အမှတ် (၂)အခြေခံပညာအထက် တန်းကျောင်းအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်သီသီဝင်း ကဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အားပြောကြားပြီးကျိုက်ထိုမြို့နယ်လူမှုဝန်ထမ်းစီးဌာန ဦးစီးအရာရှိ ဒေါသီတာလွင်မှ ကလေးသူငယ် အခွင့်အရေးများဖြစ်သည့်ကျန်းမာရေးဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာ၊မူးယစ်ဆေးဝါးအန္တရာယ်၊အသက်မပြည့်မီအလုပ်လုပ်ကိုင်ရခြင်းနှင့်လူကုန်ကူးခြင်းခံရခြင်းတို့ကို ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဟန်လင်းထက် မှ သဘာဘေးအန္တရာယ်များဖြစ်သည့် လျှပ်စီးလက်ခြင်း၊မိုးကြိုး ပစ်ခြင်း၊ရာသီဥတုပြောင်းလဲမှုကြောင့်မိုးခေါင်ရေရှားခြင်းဖြစ်ပေါ်ခြင်း၊ငလျင်ဘေးနှင့်မုန်တိုင်းဘေး၊လေပြင်းဘေး၊ရေဘေး၊မီးဘေး၊မိုင်းအန္တရာယ်အစရှိသည်တို့ကို ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့လူမှုဝန်ထမ်းစီးဌာနမှ ဦစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း၊ အထက(၂)မှကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များစုစုပေါင်း(၁၂၀)ဦးခန့်တက်ရောက်ခဲ့ ကြောင်းသိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment