MNP ၊ ဇူလိုင် ၁၃
ကန့်ဘူမြို့နယ်တရားရုံးတွင် အကြမ်းဖက်လှုံ့ဆော် တရားလွှတ်တော်ရှေ့နေများ ပြန်လည်ရောက်ရှိနေပြီး အမှုပွဲစားလုပ် တရားရုံးကို ခြယ်လှယ်နေကြောင်း သိရသည်။
ဒေသခံတစ်ဦးက "ဒီကောင်တွေက ကြောက်စရာကောင်းတယ်ဗျ။ ဒီအထဲ တချို့က PDF ခေါင်းဆောင်ဖြစ်နေတယ်။ တချို့ကောင်တွေကတော့ တရားရုံးမှာ ပြန်လုပ်စားနေကြပြီ။ ဒီအချိန် ပိုပြီး လုပ်စားလို့ကောင်းတာပေါ့ဗျာ။ အကြမ်းဖက်သမားတွေကို လွတ်အောင် ဥပဒေရုံး၊ တရားရုံး၊ ရဲနဲ့ ပေါင်းပြီး လုပ်ပေးတယ်။ NLD အစိုးရလက်ထက်တုန်းကတော့ သူတို့အတွက် ပိုပြီး အခွင့်အလမ်းသာတာပေါ့။ အမှန်ကို အမှားဖြစ်အောင်၊ အမှားကို အမှန်ဖြစ်အောင် နှစ်ဖက်စား လုပ်ခဲ့တဲ့ကောင်တွေပါ။ ဒီအထဲက ကျွန်းလှက ထွန်းထွန်းနိုင်ဆိုတဲ့ ရှေ့နေတစ်ယောက်ပဲ ၅၀၅ - က နဲ့ အဖမ်းခံရပါသေးတယ်။" ဟု ပြောသည်။
ဖမ်းဆီးခံထားရသော ရှေ့နေထွန်းထွန်းနိုင် နှင့် ဇနီးဖြစ်သူသည် CDM ထောက်ပံ့ငွေ သိန်း ၆၀၀၀ ကျော်ကို CDM ဝန်ထမ်းများအား မပေးဘဲ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ပြီး ကျွန်းလှမြို့ပေါ်တွင် တာဝန်ကျခဲ့သည့် ဗိုလ်မှူးအား ၅၀၅ - က ပိတ်သိမ်းပေးရန် သိန်း ၁၀၀၀ ဖြင့် ရဲစခန်းမှူးမှတစ်ဆင့် ညှိနှိုင်းခဲ့ပြီး ဗိုလ်မှူးက လက်မခံသဖြင့် ဗိုလ်မှူးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဗုံးခွဲလုပ်ကြံခဲ့သူဖြစ်သည်။
ထွန်းထွန်းနိုင်နှင့် တွဲဘက် ရှေ့နေတချို့ ကန့်ဘလူမြို့ပေါ်တရားရုံးတွင် ခြယ်လှယ်နေသည့် အခြေအနေနှင့် ပတ်သက်၍ "ဒီကောင်တွေပဲ ဆူပူအကြမ်းဖက်လှုံ့ဆော်ခဲ့တယ်။ အခု ဒီကောင်တွေက တရားရုံးမှာ ပြန်ပြီး ခြယ်လှယ်နေပြီ။ ဒီလို လူတွေကို မဖမ်းဘူးဆိုတော့ မြို့နေပြည်သူတွေအတွက် ဘယ်လောက်တောင် အန္တရာယ်များသလဲ။ အကြမ်းဖက်လှုံ့ဆော်တယ်၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တယ်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လူတွေနဲ့ အဆင်ပြေသွားရင် ပြစ်မှုမရှိတော့ဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။" ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment