ညောင်ဦးမြို့နယ်တွင် ဖူးချိုးဆလပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ပုံမှန်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ဖူးချိုးဆလပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ပုံမှန်ရရှိ



MNP - ဇူလိုင်   ၂၀


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် မြေအောက်ရေ အသုံးပြုပြီး တစ်နိုင်တပိုင် ဖူးဆလပ်စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ဖူးချိုးဆလပ် စိုက်ပျိုး တောင်သူ ဦးမင်းညိုထံက သိရသည်။


ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လဲဂွကျေးရွာ၊ မုန့်ကုန်းကျေးရွာ၊ လက်ပံအိုင့် ကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာ၊ ညောင်ချိုင်းကျေးရွာ၊ စည်ပင်သာကျေးရွာ၊ ကင်မွန်းခြုံကျေးရွာ များသည် မြေအောက် ရေတူးဖော်၍ ရာသီပေါ် ဟင်းသီးဟင်းရွက်အမျိုးမျိုး စိုက်ပျိုးရောင်းချနေကြသည့် ကျေးရွာများ ဖြစ်ကြကာ ဆောင်းကြက်သွန်၊ တိုင်ထောင်ပဲ အမျိုးမျိူး၊ ဆလပ်အမျိုးမျိုး၊ထိုင်ဝမ်သင်္ဘော၊ ထိုင်ဝမ်ပိန္နဲ၊ ခရမ်းချဉ်အမျိုးမျိုး၊ ဖရဲသီး၊ ခဝဲသီးနှင့် ဟင်းနုနယ်စသည့် ဟင်းသီးဟင်းရွက် ရာသီပေါ်သီးနှံများအား မြေအောက်ရေသွင်းစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြကာ ယခုလည်း ရာသီပေါ်သီးနှံဖြစ်သည့် ဖူးချိုးဆလပ် စိုက်ပျိုခြင်းဖြင့် မိသားစုဝင်ငွေ ဖြည့်ဆည်းနေသည့် ဖူးချိုးဆလပ် တစ်နိုင်တပိုင်စိုက်ပျိုးသင့်ကြောင်း ဖူးချိုးဆလပ် စိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။


ဖူးချိုးဆလပ်ပင် စိုက်ပျိုးခြင်းအား မြေသားဘောင်ပြုလုပ်စိုက်ပျိုးခြင်း၊ မြေသားညီညာအောင်ပြုလုပ်ပြီး ဖူးချိုးဆလပ် မျိုးစေ့များ တိုက်ရိုက် ကြဲပက်ထားစိုက်ပျိုးရပြီး သုံးရက်ခန့်အချိန်တွင် ဖူးချိုးဆလပ်များ စတင်ပေါက်လာပြီး အပင်သက် ၄၅ ရက်ရှိလျှင် စတင်ခူး၍ ရောင်းကြကြောင်း၊ ဖူးချိုးဆလပ် ခူးယူရောင်းချချိန် တစ်ဖူးချိုးလျှင် နှစ်ဖူးသုံးဖူးပြန်ထွက်ကြောင်း၊ သုံးရက် တစ်ကြိမ်ခူး၍ ရောင်းချရပြီး ဖူးချိုးဆလပ်ပွဲစားများ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြခြင်းနှင့် ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့ သွားရောက်ရောင်းချကြခြင်းများဖြင့် ရောင်းချကြကြောင်း သိရသည်။ ဖူးချိုးဆလပ်ပင်များသည် အပင်အဖြစ်မြန်ပြီး ဈေးကွက်အတွင်း အမြန်ရောင်းချ ရခြင်းများကြောင့် မြေအောက်ရေအသုံးပြုပြီး တစ်နိုင်တပိုင် ဖူးချိုးဆလပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း၊ အပင်အဖြစ်မြန်ပြီး ဈေးကွက်တွင် အမြန်ရောင်းချရခြင်းများကြောင့် ဖူးချိုးဆလပ်တစ်နိုင် တစ်ပိုင်ကျေးလက်တောင်သူများ စိုက်ပျိုးသင့်ကြောင်း ဖူးချိုးဆလပ် စိုက်ပျိုးတောင်သူ ဦးမင်းညို (မုန့်ကုန်းကျေးရွာ)က ပြောကြား၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)