MNP - ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၅၅၇၉၈၀ ဦး ထိုးပေး နိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာ နေရာအသီးသီး၌ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးပြီးသူ ၂၆၇၄၀၀ ဦး ထိုးနှံပေးပြီးဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ် ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု ၂၉၀၅၈၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၅၅၇၉၈၀ ဦးထိုးပေးနိုင်ပြီဖြစ် ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့ နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုး အဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment