မဘိမ်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မဘိမ်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး




MNP - ဇူလိုင်   ၂၅                         


ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမနှင့် သတ်မှတ်နေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  


အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန်အနေအထားရှိမှသာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်အဆင့်ဌာနိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး အထက(မဘိမ်း)မှ ကျောင်းသား၊ ကျောင်းသူ(၂၂၈)ဦး၊ အမက(၃)မှ ကျောင်းသား၊ ကျောင်းသူ(၈၄)ဦး၊ အလက-ခွဲ(မ-၂)မှ ကျောင်းသား၊ ကျောင်းသူ(၁၃၂)ဦး၊ အမက (ခိုတာ)မှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး၊ အလက-ခွဲ(နမ့်ပုံးပုံး)မှ ကျောင်းသား၊ ကျောင်းသူ (၁၂၈)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၆၀၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်စုရပ်နေရာများတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)