ပဲခူးမြို့တွင် “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့တွင် “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲ ကျင်းပ



MNP - ဇူလိုင်   ၂၅


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ အ. ထ. က (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။


ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပဲခူးတိုင်းဒေသကြီး  လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”၊ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ (ရုံးအဖွဲ့မှူး) ဦးကျော်နန္ဒက “ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ၂၀၁၉ အကြောင်း သိကောင်းစရာများ “ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောစန္ဒာထက်က “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက “လူကုန်ကူးမှုပပျောက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းပေး”နှင့် “မိုင်းအန္တရာယ် အသိပညာပေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဦးကျော်ကျော်ဟန်က “မူးယစ်အန္တရာယ် လူ့ရန်စွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း တိုင်းဒေသကြီးယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး(ပဲခူး)မှ ရဲအုပ်ဇော်မင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပက်သက်၍ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား မေးခွန်းမေးမြန်းခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ (ရုံးအဖွဲ့မှူး) ဦးကျော်နန္ဒ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာ၊ ဦးစီးမှူး ဦးကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောစန္ဒာထက်၊ ပဲခူးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဇော်မင်းအောင်နှင့် အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများ  တက်ရောက်ကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)