MNP - ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ ယမန်နေ့က ရသစ်အုပ်စု၊ ပုဂံစုကျေးရွာ၊ စလင်းတောင်အုပ်စု၊ ဝင်္ကဘာကျေးရွာများသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က ပုဂံစုကျေးရွာ ဘုရားဝင်းအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာပြည်သူများ အတွက်ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး တင်ထွန်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုး တို့က ကျေးရွာနေပြည်သူများ လိုက်နာသိရှိနိုင်ရန် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိမိရပ်ရွာလုံခြုံဖို့ အားလုံးပူးပေါင်းဆောင်ရွက်ရေးကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမှ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနေမှု အခြေအနေများကို လည်းကောင်း၊ ကျန်းမာရေးမှ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေ များနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်း လင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့်ကျေးရွာပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment