ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ




MNP - ဇူလိုင်   ၁၀


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


၏ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွက် ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဘူးသီးတောင်မြို့နယ် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ သောဘိတထံမှ အခမ်းအနားတက်ရောက်လာကြသူများက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။


ဆက်လက်၍ ကြွရောက်တော်မှုလာကြကုန်သော သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဝတ္တုငွေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ဘူးသီးတောင်မြို့နယ် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ သောဘိတအရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းသို့ ဘူးသီးတောင်မြို့နယ် ကျောင်း(၂၅)ကျောင်းမှ ပင့်သံဃာ(၂၅)ပါးတို့အား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္တုငွေများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)