ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

           

MNP - ဇူလိုင်  ၂၇


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းနှင့် မြေထိန်းနံရံပြု လုပ်ခြင်းလုပ်ငန်းများကို မေလပထမပတ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေး နှစ်၊ အရှည်(၄၇၀)မီတာရှိ လမ်းဘေးဝဲယာ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ကျပ် (၆၂.၄) သန်းဖြင့်လည်းကောင်း၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ( ၆၉.၆)သန်းဖြင့် (34.2) km နှင့်(34.4)km ကြားရှိ ပြိုကျသွားသော တံတားချဉ်းကပ်လမ်း အရှည်(



၆၁)မီတာနှင့် အမြင့် (၃.၆၆)မီတာရှိ ကျောက်စီ မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းကိုလည်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၆၉.၆)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မီရေးအတွက် စနစ်တကျကြီးကြပ်၍ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မြေထိန်းနံရံများတောင်ကျရေတိုက်စားမှု အန္တရာယ်မှကင်းဝေးမည့်အပြင် ရေနှုတ်မြောင်းများလည်း ရေစီးရေလာကောင်းမွန်ပြီး မြို့တွင်းသန့်ရှင်းသာယာလှပ၍ လမ်းပန်းဆက်သွယ်ရေးလည်း ယခင်ကထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း တာဝန် ရှိသူ တစ်ဦးထံမှ သိရ သည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့်လာမည့်ဘဏ္ဍာနှစ်တွင်လည်း သက်ဆိုင်ရာ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)