လဲချားမြို့နယ်ရပ်ကွက်/ကျေးရွာများတွင် (GIS)နည်းပညာ အသုံးပြု၍ တည်နေရာ Point များ ကွင်းဆင်းကောက်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

လဲချားမြို့နယ်ရပ်ကွက်/ကျေးရွာများတွင် (GIS)နည်းပညာ အသုံးပြု၍ တည်နေရာ Point များ ကွင်းဆင်းကောက်ယူ

 


MNP - ဇူလိုင်  ၂၇


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဲချားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် (GIS) နည်းပညာအသုံးပြု၍  တည်နေရာ (Point )များ  ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။


အဆိုပါ (GIS)နည်းပညာအသုံးပြု၍  ၂၀၂၄ခုနစ် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် ရပ်ကွက်/ကျေးရွာတည်နေရာ(Point)များ ကောက်ယူမည့်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာ တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများမှ  လဲချားမြို့နယ်အတွင်းရှိ ရပ်ကက်(၄)ရပ်ကွက်နှင့် ဟိုနောင်လုံကျေးရွာ၊ ဟိုရင်ကျေးရွာ၊ ကုန်းမောက်စံကျေးရွာ၊ ဟိုနောင်အွမ်ကျေးရွာ၊ ဖွေးဟိုင်းကျေးရွာ၊ ဟိုဖိုင်ကျေးရွာ၊ နောင်မိန်းကျေးရွာနှင့်နောင်ပန်ကျေးရွာတို့တွင် တည်နေရာ (Point)များ ကွင်းဆင်းကောက်ယူခဲ့ကြောင်း  သိရသည်။


သတင်း - လဲချား  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)