ပေါင်မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U(16) အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U(16) အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ





MNP ၊ ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အားကစားနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U(16) အမျိုးသားဘောလုံးပွဲကို မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလျက်ရှိကြောင်း သိရသည်။


မြို့နယ်ပညာရေးမှူးဖလားဘောလုံးပြိုင်ပွဲကို အသင်းပေါင်း(၂၀)တို့မှ အုပ်စုပတ်လည်စနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ဇူလိုင်လ ၂၀ ရက်နေ့၌ စတင်ယှဉ်ပြိုင်ခဲ့ပြီး လာမည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါကျောင်းပေါင်းစုံ U-16 ဘောလုံးပြိုင်ပွဲကျင်းပရခြင်းမှာ ထူးချွန်သော ဘောလုံးအားကစားသမား ပေါ်ထွန်းလာရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ ပြည်နယ်အဆင့် ပြိုင်ပွဲများ ယှဉ်ပြိုင်စေရန် မြို့နယ်အဆင့် လက်ရွေးစင် ရွေးချယ်နိုင်ရေးတို့ အတွက် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)