MNP - ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဝါဆိုလကွယ်နေ့ဆွမ်းလောင်းလှူပွဲကို ဇူလိုင် ယနေ့ နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့်မြို့နယ်စိုက်ပျိုးရေးရုံးထိပ်တွင် စုဝေးတော်မူပြီး မိုးမိတ်၊ မန်တုံလမ်းမကြီးအတိုင်း လမ်းတစ်လျောက်ကြွမြန်တော်မူကြရာ စေတနာရှင် ၊အလှူရှင် မိဘပြည်သူများက ဆွမ်း၊ ဟင်းနှင့်လှူဖွယ်ပစ္စည်း မျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
နှစ်စဉ် ဝါတွင်းကာလ လပြည့်၊လကွယ်နေ့ရောက်တိုင်း ဒေသခံပြည်သူများသည် ဥပုဒ်သီးတင်း ဆောက်တည်ကြခြင်း၊ စုပေါင်း၍ ဆွမ်းလောင်းလှူခြင်းတို့ကို ဆောင်ရွက်ကြပြီး အလှူဒါန ကသိုလ်ကောင်းမှု ပြုလုပ်ကြကြောင်း သိရသည်။
သတင်း - မိုးမိတ်သား
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment