MNP ၊ ဇူလိုင် ၁၃
ရုရှားနိုင်ငံ၊ ကာလုဂါမြို့ ကမ္ဘာ့ယဉ်ကျေးမှု ကျေးရွာတွင် တည်ထားကိုးကွယ်သော သီတဂူရွှေစည်းခုံစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအကို ကျင်းပခဲ့သည်။
ရုရှားနိုင်ငံ၊ မြန်မာဗုဒ္ဓဝိဟာရကျောင်းကို ၁.၂.၂၀၁၅ ကျောင်းဝယ်ခဲ့၍ ၁.၇.၂၀၁၅ ကျောင်းဖွင့်ခဲ့ကြောင်း၊ ၂၀၁၈ ခု ၊ အောက်တိုဘာ ၂၃ ရက်နေ့တွင် သိမ်ပန္နက်ချ၍ ၂၂.၆.၂၀၂၁ သိမ်ရေစက်ချခဲ့ကြောင်း၊ ၂၀၁၈ ခု ၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ရွှေစည်းခုံစေတီတော်ပန္နက်ချ ၁၂.၇.၂၀၂၂ တွင် စိန်ဖူးတော်တင်လှူခဲ့ကြောင်း သီတဂူရွှေစည်းခုံစေတီတော်ကြီး၏ မှတ်တမ်းကို ထုတ်ပြန်ထားသည်။
ယမန်နေ့က ကျင်းပသော သီတဂူရွှေစည်းခုံစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအကို သီတဂူဆရာတော်ကြီး ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်တို့ တက်ရောက်ခဲ့ကြပြီး ရုရှားနိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့များ တက်ရောက် ကြည်ညိုပူဇော်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost














No comments:
Post a Comment