ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဝါဆိုရွှေကြာသင်္ကန်းတော်ကပ်လှူပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဝါဆိုရွှေကြာသင်္ကန်းတော်ကပ်လှူပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ





MNP ၊ ဇူလိုင် ၁၂

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄) ကြိမ်မြောက် ဝါဆိုရွှေကြာ သင်္ကန်းတော်ကပ်လှူပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လှိုဏ်အတွင်း အရှေ့အရပ်ရှိ မဟာမဏိမယဂေါတမ ဗုဒ္ဓပဋိမာ ရုပ်ပွားတော်မြတ်အားလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက တောင်အရပ်ရှိ မဟာမဏိမယက ကုသန္ဓ ဗုဒ္ဓပဋိမာရုပ်ပွားတော်မြတ်အားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အနောက်ရပ်ရှိ မဟာမဏိမယ ကောဏာဂမန ဗုဒ္ဓပဋိမာ ရုပ်ပွားတော်မြတ်အားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြောက်အရပ်ရှိ မဟာမဏိမယကဿပ ဗုဒ္ဓပဋိမာ ရုပ်ပွားတော်မြတ်အားလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးက စေတီတော်ရင်ပြင် အရှေ့မြောက်ထောင့်အရပ်ရှိ မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရား အားလည်းကောင်း ဝါဆိုရွှေကြာသင်္ကန်းများ ကပ်လှူကြပြီး ရုပ်ပွားတော်များအား မြသပိတ် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေများ ဆပ်ကပ်ပူဇော်ကြသည်။


ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်နှင့် ဂုဏ်တော်များကို ရွတ်ပွား ပူဇော်ကြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနား တက်ရောက် ကြသူများသည် ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နေပြည်တော် လယ်ဝေးမြို့ အင်းသာ အရှေ့ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော် သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)