ဘီးလင်းမြို့နယ် (အမက) မြင်သာ ကျောင်း၌ ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်း ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် (အမက) မြင်သာ ကျောင်း၌ ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်း ရေးဆောင်ရွက်





MNP ၊ ဇွန် ၉

မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ စုပေါင်း ၍ ဘီးလင်းမြို့ အခြေခံပညာမူလတန်းကျောင်း(မြင်သာ) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည် သူအောင် ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဝန်ထမ်း များ ၊မြို့နယ်ရဲတပ်ဖွဲ့ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊စည်ပင်သာယာရေးအဖွဲ့ များ၊ဌာနဆိုင်ရာများက  ကျောင်းဝန်းအတွင်းရှိ အမှိုက်သရိုက်များနှင့်ပတ်ဝန်း ကျင်ရှိချုံနွယ် မြက်ပင်များခုတ်ထွင် ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင် ရွက် ခဲ့ကြကြောင်း သိရသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)