မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြား ကျောင်းသား/သူ ၉၃၅ ဦးအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြား ကျောင်းသား/သူ ၉၃၅ ဦးအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်





MNP ၊  ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များ အား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် ကျောင်း စုရပ်နေရာ များတွင်  ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ  အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား  ဌာနဆိုင်ရာများ၊ ဆရာ/မ များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက် ပေး လျှက်ရှိသည်။ 

မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၅)နှစ် နှင့် (၁၂) ကြားရှိ ကျောင်းသား/သူများထဲမှ  ယမန်နေ့က နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယ)အကြိမ်အဖြစ် ကျောင်းသား / သူ  ၃၉၀ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကာ ဇူလိုင် ၈ ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးသူ  ၉၃၅ ဦးအား ကျန်းမာ ရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်း သား/သူများအား ဆက်လက် ထိုးနှံပေးမည် ဖြစ် ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)