ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ




MNP - ဇူလိုင်  ၄


ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုအဆင့် မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှုအဖြစ် ရိုးရာပွဲတက် ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သော တောင်ငူမြို့၊ အိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းမှ ဒေါ်မျိုးသီတာစိုး(နည်းပြ)နှင့် ဒေါ်စိုးနန္ဒာကျော်(နည်းပြ)တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့က ဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ငွေသားဆုများအား ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖြစ်ရပ်မှန် သက်ငယ်မုဒိမ်း အသိပညာပေးပြဇာတ်နှင့် လူကုန်ကူးခံရမှု အသိပညာပေးပြဇာတ်တို့အား တင်ဆက်ပြသခဲ့ကြရာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ ပြဇာတ်တွင်ပါဝင် သရုပ်ဆောင်ကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု မှတ်တမ်းဗွီဒီယိုအား ကြည့်ရှုခဲ့ကြကာ ပြခန်းအတွင်းပြသထားသည့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် တောင်ငူမြို့၊ သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မောနရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)