MNP ၊ ဇူလိုင် ၄
NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့နှင့် KIA အကြမ်းဖက်သမားများ ပူးပေါင်း၍ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသော ကန့်ဘူလမြို့နယ်တွင် ကျေးရွာကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးလျက်ရှိရာ ကန့်ဘလူမြို့နယ်၊ မြေထွးကျေးရွာ အပါအဝင် ကျေးရွာသုံးရွာအား ပြည်သူ့စစ်သင်တန်း စတင်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဆရာတော်ဦးဝါသဝ က "ဒီကနေ့ ကတော့ ကန့်ဘလူမြို့နယ်ထဲက မြေထူးကျေးရွာ၊ လင်းဒအံကျေးရွာ၊ ငါးရန့်တိုင်းကျေးရွာ တွေကို ပြည်သူ့စစ်သင်တန်း စတင်ပို့ချပေးပါတယ်။ ဒီကနေ့ သင်တန်းဖွင့်ပွဲဆိုတော့ အလုပ်ရှုပ်နေတယ်။ တဖြည်းဖြည်းနဲ့ ဒီလိုပဲ ကာကွယ်နိုင်အောင် လုပ်ဆောင်သွားရမှာပေါ့။ ပြည်သူ့စစ်ဖွဲ့ချင်လို့ ချိတ်ဆက်တာတွေလည်း ရှိပါတယ်။ ဘုန်းကြီးအနေနဲ့လည်း တတ်နိုင်သမျှ လိုက်လံ ဆော်သြပေးနေရတဲ့ ရွာတွေလည်း ရှိပါတယ်။" ဟု ဆရာတော် က မိန့်ကြားသည်။
ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များတွင် KIA, PDF အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းထားရပြီး အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းဝင်ရောက် မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိခြင်းကြောင့် ရပ်ရွာများအတွင်း KIA, PDF အကြမ်းဖက်သမားများ မဝင်ရောက်နိုင်စေရေး ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေကြရခြင်း ဖြစ်သည်။
ပြည်သူ့စစ်ဖွဲ့စည်း၍ ကာကွယ်ထားနိုင်သော ကျေးရွာများကို KIA, PDF အကြမ်းဖက်သမားများ ဝင်ရောက်နိုင်ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment