မောင်တောမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP ၊ ဇူလိုင် ၄

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  မြို့နယ်အတွင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့  နေ့လယ် ၁ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ  ထေရ်ကြီးဝါကြီး ဆရာတော်များ ၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ် နိုင်ရေး အ တွက် ဆောင် ရွက်နေသည့် ကိစ္စရပ်များ ၊   လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ဌာနများက ဆွေး နွေး တင် ပြကြရန်  လို အပ် ကြောင်း ပြောကြားခဲ့သည်။  ဆက်လက်၍ ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူး ဦးကျော်ဇင်ဦး  ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁၂ ရက် ၊ ဝါဆို လပြည့်နေ့တွင်  သာသနာ့ဗိမ္မာန်၌  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး စည်းကမ်း ချက် များ နှင့် အညီ မြို့နယ် အတွင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက် ကပ် နိုင်ရေးအတွက် ယခုလက်ရှိ ဆောင် ရွက် နေသည့် အခြေအနေများ ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေး တင်ပြခဲ့ပြီး  မြို့နယ်စီမံ အုပ် ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က အလှူငွေ ရရှိနိုင် မည့် အခြေအနေများအား ရှင်း လင်း ပြော ကြားခဲ့သည်။ 

ထို့နောက် တက်ရောက်လာကြသော ဌာန ဆိုင်ရာများ တာဝန်ရှိသူများက အသီးသီး ဆွေးနွေး တင်ပြကြရာ  တင်ပြချက်များအပေါ်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)