ရသေ့တောင်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ပထမနှင့် ဒုတိယအကြိမ်ထိုးနှံ ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ပထမနှင့် ဒုတိယအကြိမ်ထိုးနှံ ပေးလျက်ရှိ





MNP ၊ ဇူလိုင် ၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများ ခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ ပထမအကြိမ် နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 အဆိုပါ(Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီမြို့နယ်ပြည်သူ့ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ဆေးထိုးနှံရန်လာရောက်သူများအား ကိုယ်ပူချိန်တိုင်းတာ ခြင်းနှင့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

 ထို့နောက်ဆေးထိုးနှံပြီးသည့်သူများကိုမိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုကြောင်းသိရသည်။ 

 ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြသည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင် ရာတာဝန်ရှိသူများ၊  မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်း ဝင်များက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင် ရွက်ပေးခဲ့ကြကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)