ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊  ဇူလိုင် ၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ သံဃာဝန်ဆောင် ဆရာတော်များ၊ ဩဝါဒါစရိယဆရာတော်များ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး(၂၀)ပါးတို့ကို စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ဝါဆို သင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ရဟန်းသံဃာတော် များအနေဖြင့် မိမိတို့သီတင်းသုံးရာ ကျောင်းတိုက်အတွင်း ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်ပြီး ပရိယတ်၊ ပဋိပတ်များကို ကြိုးစားအားထုတ်ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် သံဃာတော်များအား သင်္ကန်းနှင့်ဆွမ်းများအတွက် ကြောင့်ကြမှုမရှိစေရေးရည်မှန်းပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကာလဒါနမျိုးသည် ဗုဒ္ဓဘာသာဝင်များအတွက် လုပ်သင့်လုပ်ထိုက်သော မြင့်မြတ်သည့်အလှူဒါနလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များရှိပါက တင်ပြပေးကြရန်နှင့် ဦးစီးကော်မတီအနေဖြင့်လည်း လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေး ဦးစီးကော်မတီတွဲဘက်အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်း အနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းလိုအပ်ချက် များနှင့် ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ ဖြစ် ကြသော ပြည်နယ်ဝန်ကြီးများနှင့်ပြည်နယ်ဥပဒေချုပ်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖြည့်စွက် ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)