အမ်းမြို့နယ်တပ်တောင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တပ်တောင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဆုပေးပွဲကျင်းပ




     

MNP ၊ ဇူလိုင် ၄

ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တပ်တောင်မြို့နေ အခြားစာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုကာ ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသားကျောင်းသူ(၇၁)ဦးတို့အား ပညာရည် ချွန်ဆုပေးပွဲအခမ်းအနား ကို ယမန်နေ့ နေ့လည်အ ချိန်က တပ်တောင်မြို့အခြေခံပညာအထက်တန်း ကျောင်း ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် တပ်တောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမှ အဖွင့်အမှာစကားပြောကြားကာ ထူးချွန်စွာအောင် မြင်ခဲ့သူ( ၆)ဘာသာဂုဏ်ထူးရှင်( ၁)ဦးအပါအဝင်၊( ၄) ဘာသာ( ၇) ဦး၊ ( ၃ )ဘာသာ( ၅)ဦး၊ ( ၂) ဘာ သာ( ၆) ဦး၊( ၁) ဘာသာ( ၅၁) ဦးစုစုပေါင်းဂုဏ်ထူး ဖြင့်အောင်မြင်သည့်ကျောင်းသား/သူ ( ၇၁)ဦး တို့အား တပ်တောင်မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ / မြို့ဖများနှင့် စေတနာရှင်အလှူရှင်များစုပေါင်း၍ ပညာရည် ချွန်ဆု များချီးမြှင့်ခဲ့သည်။   ဆုပေးပွဲအခမ်းအနားသို့ဂုဏ် ထူးရကျောင်းသား/သူ များ၊သက်ဆိုင်ရာမြို့အဆင့်ဌာနဆိုင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့မိ / မြို့ဖများ၊ စေတနာရှငအလှူရှင်များ စုစုပေါင်းအင်အား (၂၃၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)