MNP ၊ ဇူလိုင် ၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် အာဟာရပြည့် ကြက်ဥပြုတ်နှင့် နွားနို့ များ တိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ -ထ -က (ဘီးလင်း) ကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဘီးလင်းမြို့နယ်၊မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောင်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက ကြက်ဥ ပြုတ်နှင့် နွားနို့ စားသုံးခြင်းဖြင့် ရရှိလာစေမည့် အာဟာရတန်ဖိုးများ နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် အ-ထ-က ဘီးလင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးဌေး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဘီးလင်းမြို့နယ် ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဝန်ထမ်းများက မူလတန်း ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမ များအား ကြက်ဥပြုတ် အလုံး ၃၀၀ နှ င့် နွားနို့ဘူး ၃၀၀ တို့ကို လိုက်လံ ဝေငှ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
သတင်း - ထူးနောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment