MNP ၊ ဇူလိုင် ၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို ဇူလိုင်လ (၁)ရက်နေ့မှစတင် ၍ ရပ်ကွက်/ကျေးရွာများအလိုက် အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေး နေကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ပထမ (၃)လပတ် (ဧပြီ ၊ မေ ၊ ဇွန် )လများအတွက် (၁)လလျှင်၁၀၀၀ဝိ/-ကျပ်နှုန်းဖြင့် ကျပ် ၃၀၀၀ဝိ/-တိတိကို ရပ်ကွက်/ ကျေးရွာအုပ်စု ( ၄၁)အုပ်စုအတွင်းရှိ ဘိုးဘွား (၅၃၇ )ဦးအတွက် ငွေကျပ် (၁၆၁၁၀၀၀ဝိ/-)ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင် နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
သတင်း - သန်းသန်းမော်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment