MNP ၊ ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) GTI ကျောင်းမှ ကျောင်းသားများ မိုးရာသီကျောင်းသားပွဲတော်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ဒုတိယအပတ်မှ စတင်ကာ အစိုးရရပ်ကွက်ရှိ မြို့မအားကစားကွင်းကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျွန်နော်တို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)GTI ကျောင်းက အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိဖို့၊ လိုအပ်သလို အသင်းအဖွဲ့ တွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေဖို့၊ ကာယ၊ ဉာဏ၊ အားနှစ်ဖြာပြည့်ဝစေဖို့၊ ပတ်ဝန်း ကျင်နဲ့လိုက်လျောညီထွေဆက်ဆံတတ်စေဖို့နဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေ ပေါ်ထွက် လာစေဖို့ရည်ရွယ်ပြီးတော့ အခုလိုမိုးရာသီအားကစားဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာ ဦးကျော်ငြိမ်းက ပြောကြားသည်။
IT(A) အသင်းမှ အသင်းသားတစ်ဦးကလည်း ကျွန်တော်တို့ကျောင်းရဲ့ မိုးရာသီဘောလုံး ပြိုင်ပွဲကို ကျောက်ဖြူမြို့မှာ GTI ကျောင်းစပြီးတော့ဖွင့်ကတည်းက ကျင်းပလာတာဖြစ်ပါတယ်၊ ပထမနှစ်စတစ်နှစ်တော့ ကွင်းလတ်ပွဲပဲကျင်းပဖြစ်တယ်၊ နောက်ကျန်တဲ့နှစ်ကပင် ဒီနှစ်အထိ ကွင်းကြီးပွဲတွေကိုကျင်းပလာတာဖြစ်ပါတယ်၊ ကျောင်းသူတွေရဲ့ ဘောလုံးပြိုင်ပွဲကိုတော့ ဒီဇင်ဘာလမှာ ကျင်းပဖြစ်ပါတယ်ခင်ဗျ၊ အခုလိုကျောင်းသားပွဲတော် Activity တစ်ခုရှိတဲ့အတွက် ကျွန်နော်တို့အလွန်ပျော်ပါတယ်ခင်ဗျ၊ ပြိုင်ပွဲကျင်းပပြုလုပ်ပေးတဲ့ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ ဟုပြောသည်။
အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)ကျောင်းမှ မိုးရာသီကျောင်းသားပွဲတော် ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၇)သင်း ပါဝင်ကြမည်ဖြစ်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲကာလမှာ ဇူလိုင်လ (၈)ရက်နေ့မှ (၂၂) ရက်နေ့အထိ (၁၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment