ဘူးသီးတောင်မြို့၌ အားကစားအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘူးသီးတောင်မြို့၌ အားကစားအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကျင်းပ

 





MNP - ဇူလိုင်  ၂၃


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ အထက(၂) ကျောင်းတို့ ပူးပေါင်း၍ ယနေ့ နေလယ်(၁၂) နာရီအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ အားကစားအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။  ရှေ့ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဦးစိန်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ဘူးသီးတောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်ဥမ္မာသန်းမှလူငယ်နှင့် ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်အသီးသီး ဟောပြောခဲ့သည်။


ထိုနောက် ကျောင်းသား၊ ကျောင်းသူများမှ physical fitness dance သရုပ်ပြသခြင်း၊ ကရာတေးသရုပ်ပြသခြင်း၊ အေရိုးပစ် သရုပ်ပြသခြင်း၊ physical fitness dance ပူးပေါင်း ပါဝင်လှုပ်ရှားခြင်း အားကစားနည်းများကို လက်တွေ့သရုပ်ပြခဲ့ကြပြီး ဘူးသီးတောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းမှ အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာကြီး ဦးဦးစိန်ထွန်းမှ လက်ခံရယူခဲ့ကြသည်။ အခမ်းအနားသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)