MNP ၊ ဇူလိုင် ၁၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးပြီး မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီ က ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရမ္မာဝတီခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ရွာပုလဲကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဝိသုဒ္ဓနှင့် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်(၁၁)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထို့နောက် အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် ရွာပုလဲကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ
ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ပေးကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကဝါဆိုသင်္ကန်းနှင့် နဝကမ္မလှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးကြပြီးနောက် ရမ်းဗြဲမြို့၊ ဒက္ခိဏာရာမဝိဟာရ (တောင်ကျောင်း) ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ အနုမော ဒနာ တရားချီးမြှင့်ကာ ဗဟန္တောင်ကျောင်းတိုက် ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေလျက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပြီးနောက် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment