MNP - ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဝါကြီး၊ ချည်မျှင်ရှည်ဝါ အပါအဝင် စုစုပေါင်း ဝါဧက ၈၅၀၀ လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
"ဝါဈေးကွက် ကောင်းတာရယ် စိုက်ပျိုးရလွယ်ကူတဲ့ ဝါကြီးကို တောင်သူတွေ ပိုမိုစိုက်ပျိုးလာကြပါတယ်၊ ဝါကြီးအထွက်နှုန်းက ချည်မျှင်ရှည်ဝါကို မမီပေမယ့် သီးညှပ်အဖြစ် စိုက်ပျိုးနိုင်တဲ့အတွက် တောင်သူတွေအတွက် စိုက်ပျိုးစရိတ် သက်သာစေပါတယ် အဲဒီအတွက် အခုနှစ် ဝါစိုက်ဧကလည်း တိုးလာနိုင်ပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းက ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေနှင့်လည်း ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာပေးခြင်း၊ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဝါမျိုးစေ့ခြံများမှ မျိုးသန့်များကို မှာယူဖြန့်ဖြူးပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများ ရွေးချယ်စိုက်ပျိုးခြင်းနှင့် ဝါစိုက်တောင်သူများအတွက် မျိုးစေ့များထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment