MNP - ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဘူးသီးတောင် တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များဦးဆောင်၍ ယနေ့နံနက် (၇) နာရီအချိန် ဘူးသီးတောင်-မောင်တောသွားရာမေယုလမ်း ဘေးဝဲ/ယာတို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စနစ်တကျ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေးရှင်းလင်းဆောင်ရွက်မှုကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူး ကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များမှ အနီးကပ် ကြီးကြပ်၍ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဘူးသီးတောင်တပ်နယ် မှတပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ ကားလမ်းဘေးဝဲယာတို့၌ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ပလပ်စတစ်အိတ်ခွံများ၊ သစ်ခြောက်သစ်ရွက်များနှင့် ခြုံနွယ်မြက်ပင်များအား စုပေါင်းခုတ်ထွင်ရှင်းလင်းကြပြီး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ကြရာတွင် ဗိုလ်မှူးကြီးတင်မိုးအောင်ဦးစီး၍ တပ်မတော် သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲမှူးအောင်ကျော်ကျော်ဦးစီး၍ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အကျဉ်းဦးစီးဌာန တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင် အရာရှိ ဦးခင်မောင်ဇံဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ စုစုပေါင်းအင်အား (၂၃၀) ဦး ခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး အပတ်စဉ်(စနေ)နေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - လှကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment