MNP - ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက တေဇအားကစားခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများနှင့် ဝါသနာရှင်များ တက်ရောက် ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကားပြောကြားရာမှာ အနုပညာနှင့်ပတ်သက်၍ စာပေ၊ ဂီတ ကြိုက်နှစ်သက်ရာရွေးချယ်ပြီး ငယ်ငယ်ရွယ်ထဲက လေ့ကျင့်လာမယ်ဆိုရင် ဝါသနာရှင်အဆင့်မှ ပညာရှင်အဆင့်၊ နိုင်ငံတော်အဆင့်ထိ တက်ရောက်နိုင်မှာဖြစ်သလို နိုင်ငံတော်အကျိုး၊ လူမျိူးအကျိုးလေးစားတန်ဖိုးထားတတ်သည့် လူငယ်လူရွယ်တွေ နောင်အနာဂတ်ကို တာဝန်ယူဆောင်ရွက်နိုင်အောင် ကြိုးစာဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ (၆)မြို့နယ်မှ အခြေခံ ၁၀ နှစ်မှ ၁၅ နှစ် အကပြိုင်ပွဲ၊ ၁၅ နှစ်မှ ၂၀ နှစ် အကပြိုင်ပွဲ၊ ဝါသနာရှင်အဆင့် အကပြိုင်ပွဲ၊ ခေတ်ဟောင်းကာလပေါ် ကျား/မ အဆိုပြိုင်ပွဲ၊ အခြေခံပညာရှင်အဆင့် ဒိုးပတ်အတီးပြိုင်ပွဲနှင့် ဝါသနာရှင်ဒုတိယအဆင့် အိုးစည်ဒိုးပတ် အတီးပြိုင်ပွဲဝင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဇော်ထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment