အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်း ဆောင်ရွက်

 



MNP - ဇူလိုင်  ၁၆


ကျောင်းသား၊ ကျောင်းသူများစည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က(ခွဲ) အေးမြသာယာကျောင်းဝန်းအတွင်း၌ ယမန်နေ့က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။


ရှေ့ဦးစွာ ကျောင်အုပ်ဆရာမကြီး ဒေါ်ချိုချိုမာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က အားကစားပညာရပ်နှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားရာ အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အားကစားစိတ်ဓာတ်နှင့် ပတ်သက်သည်များကို အကျယ်တဝင့် ရှင်းလင်းသည်။ ထို့နောက် ဒေါ်လဲ့လဲ့လွင်မှ ကျောင်းသား၊ ကျောင်းသူများနှင့် အတူ အကြောလျှော့ခြင်းလေ့ကျင့်ခန်းကို ဆောင်ရွက်ပြီး volunteer အဖွဲ့မှ ညီမငယ်များက အားကစားသရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)