ဒိုက်ဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ နွေစပါးစိုက်ပျိုးခဲ့သောတောင်သူများအား ဓါတ်မြေသြဇာအိတ်များရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ နွေစပါးစိုက်ပျိုးခဲ့သောတောင်သူများအား ဓါတ်မြေသြဇာအိတ်များရောင်းချပေး



MNP - ဇူလိုင်   ၃၁


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ နွေစပါးစိုက်ပျိုးခဲ့သော တောင်သူများအားဓါတ်မြေသြဇာအိတ်များအား တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသိုလှောင်ရုံ၌ ရောင်းချပေးခဲ့သည်။


ထိုသို့ရောင်းချရာတွင်၂၀၂၁-၂၀၂၂ နွေစပါးစိုက်ပျိုးခဲ့သောကျေးရွာအုပ်စု ၁၇ အုပ်စုမှ စိုက်ပျိုး ဧက ၁၉၄၄ ဧကအတွက်၂ ဧကလျှင် ၁ အိတ်နှုန်းဖြင့်တစ်အိတ်လျှင် ၃၂၅၀၀ ကျပ်နှုန်းနှင့် ၉၇၂ အိတ်အားရောင်းချပေးခဲ့သည်။


အဆိုပါရောင်းချရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် မြေသြဇာဖြန့်ဖြူးရေးကော်မတီမှတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)