ပန်းတနော်မြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

 



MNP - ဇူလိုင်   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ပန်းတနော်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ နေအိမ်၏ မီးဖို မီးကြွင်းမီးကျန်မှ ဘေးထရံသို့ ကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများက မီးသတ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲခဲ့သူအား ပန်းတနော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)