နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသားကျောင်းသူများ ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးအတွက် ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသားကျောင်းသူများ ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးအတွက် ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးပို့ဆောင်



MNP ၊ ဇူလိုင် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြရာ ဒေသစံတော်ချိန်နံနက် ၈ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံသုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှတာဝန်ရှိသူများက ကြိုဆိုကြကာ မော်တော်ယဉ်များဖြင့် မြဘုရားသို့သွားရောက်ဖူးမြော်ကြသည်။

ထိုမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကာ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများလေ့လာရေးအဖွဲ့ကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ ယင်းနောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအဖွဲ့သည် Siam Paragon ရှိ Siam Ocean World သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ Madame Tussauds Museum သို့သွားရောက်လေ့လာကာ အဆိုပါပြတိုက်၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် Holiday Inn Hotel သို့ရောက်ရှိခေတ္တအနားယူကြပြီး Asiatique သို့သွားရောက်လည်ပတ်ကြရာ Chao Phraya River Cruise စီး၍ မြစ်ကြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုကြသည်။

ထူးချွန်ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးအဖွဲ့သည် ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION University သို့သွားရောက်လေ့လာကာ၊ ပတ္တရားကမ်းခြေသို့ ဆက်လက်သွားရောက်ပြီး ပတ္တရားကမ်းခြေတွင် အပန်းဖြေကြသည်။ ဆက်လက်၍ ပတ္တယားရေပေါ်ဈေးနှင့် တောင်ပေါ်ဘုရားများသို့ သွားရောက်လေ့လာခဲ့ကြသည်။ ယင်းနောက် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ၍ Baiyoke Tower ပေါ်တွင် ဘန်ကောက်မြို့၏ ညရှုခင်းကို ကြည့်ရှုကြသည်။

၂၀၂၂ ခုနှစ် တက္တသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအသီးသီးတွင် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးအတွက် စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)