MNP ၊ ဇူလိုင် ၆
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၁ နာရီက ကာယ ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ကြသည်။
အဆိုပါပြိုင်ပွဲများအား လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာ စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာအသုံးပြုတတ် စေရန် နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ပြီး ပြိုင်ပွဲကိုကျင်းပရာ ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြကာ အကောင်း ဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။
ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်များအသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment