MNP - ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမတို့က ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းကောက်ယူကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံခြင်းမပြုမည့် ကျန်းမာရေး စစ်ဆေးမှုများအား ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ထိုးနှံပေးခဲ့သည်။
ကျောင်းသားမိဘ၊ အုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့က ညောင်ခြုံ(မူ/လွန်)၊ ကျောက်ခဲ့ပြင်(အမက)၊ ခနောင်းကြီး (အမက)၊ ကန်ချောင်း(လ-ခွဲ)၊ ခမီဂန့်ဂါ(အမက)ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၈၃)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - နီထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment