သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)စတင်ထိုးနှံ



MNP - ဇူလိုင်   ၈


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေ အရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase-12(Sinopharm) ထိုးနှံခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ မွန်းတည့်(၁၂:၀၀)နာရီအထိ ၈/ရပ်ကွက်ရှိ အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်း၊ ၁/အနော်မာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းများရှိ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ (၄၄၀) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်း ရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ၊ မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(၄၆)ကျောင်း၊ အလယ်တန်း(၆)ကျောင်း၊ အထက်တန်း (၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း (၈) ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၂)နှစ်မှ(၁၈)နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်သည်။


သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် လွမ်းခြုံမှုရရှိစေရန် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရန်အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူ(၈၉၀၆)ဦးရှိရာ ပထမအကြိမ်၌ (၁၀၄၅၀)ဦးအား ထိုးနှံပြီးစီးခဲ့ရာ ရာနှုန်းပြည့် ကျော်လွန်းထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)