MNP ၊ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် ဝန်းထမ်းများသည် ဂန္ဓာရီပရဟိတစာသင်ကျောင်း၌ ယမန်နေ့ညနေပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးစီးအရာရှိဒေါ်အေးအေးအောင်က ယနေ့ခေတ်လူငယ်များအနေဖြင့် စာပေကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှု ကြရန်၊ စာပေမြင့်မှလူမျိုးတင့်မည်ဆိုသကဲ့သို့ စာအုပ်စာပေကောင်းများကို လေ့လာရှာဖွေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် လိုအပ်ပါကြောင်းနှင့် အသိအလိမ္မာနှင့်ပညာဗဟုသုတ များတိုးပွားရေးအတွက် အားလပ်ချိန်တွင် စာဖတ်ကြပါစို့ ခေါင်းစဉ်
ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များမှ သုတ/ရသစာအုပ်များလာရောက်ငှားရမ်းဖတ်ရှု့နိုင်ပါကြောင်းပြောကြားပြီး ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက စာအုပ်များငှားရမ်းပေးခြင်းနှင့် ဂိမ်းကစားနည်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နယ်လှည့်အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးအောင်နှင့် ဝန်ထမ်းများ ဂန္ဓာရီပရဟိတစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment