စစ်ကိုင်းတွင် တောင်သူတစ်ဦးကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ယာခင်းထဲတွင် သတ်ဖြတ်ထားခဲ့ကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတွင် တောင်သူတစ်ဦးကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ယာခင်းထဲတွင် သတ်ဖြတ်ထားခဲ့ကြောင်း သိရ



MNP ၊ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လင်းယဉ်ကျေးရွာနေ တောင်သူဦးဝင်းအောင်ကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဇူလိုင်လ၂၇ ရက်နေ့ နံနက် ၁၁ ၃၀ နာရီခန့်က ယာခင်းအတွင်း ပစ်သတ်ထားခဲ့ကြောင်း သိရသည်။


ဦးဝင်းအောင်သည် ကျေးရွာမြောက်ဘက် တစ်မိုက်ခန့်အကွာ ၎င်းပိုင်ယာခင်းတွင် အလုပ် လုပ်နေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး သေနတ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်သဖြင့် ဦးဝင်းအောင်သည် ကျည်ထိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် KIA အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်၍ လက်နက်များ အလွယ်တကူ ရရှိနေပြီး အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်စိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)