ငပုတောမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ အဆင့်မြင့် အားကစားသင်တန်း ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ အဆင့်မြင့် အားကစားသင်တန်း ဖွင့်လှစ်သင်ကြား



MNP - ဇူလိုင်   ၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ မိုးရာသီအဆင့်မြင့် အားကစား သင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ငပုတောမြို့ ပမ္မဝတီအားကစားကွင်းနှင့် မိုးလုံလေလုံ အားကစား ခန်းမတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိ သည်။


အဆိုပါ အဆင့်မြင့်အားကစားသင်တန်းတွင် U-16 အမျိုးသားဘောလုံးသင်တန်း၊ U-18 အမျိုးသမီး ဘောလုံး သင်တန်းနှင့် ပြေးခုန်ပစ် စသည့်အားကစားနည်းများအား နည်းပြများမှ သင်တန်းသား၊ သင်တန်းသူ (၉၅)ဦးခန့် အား သင်တန်းများအလိုက် စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး မည်သူမဆို အခမဲ့ တက်ရောက် သင်ကြားနိုင်ကာ သင်တန်းကာလအဖြစ် ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၁၅) ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယွန်းရွှေရည်မြင့်ထံမှ သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)