MNP ၊ ဇူလိုင် ၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ ခရိုင် ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံး၌ကျင်းပသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ တောင်ခရိုင်ဦးစီးမှူး ၊ဒုတိယ ညွှန်ကြားရေးမှူး ဦးရည်သန့် ကခရိုင်ရုံးဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြနောက် ခရိုင်ရုံး ဆိုင်းဘုတ်အား ခရိုင်အုပ် ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့် နှင့် မြို့မိမြို့ဖ ဦးကျောက်တောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များပက်ဖြန်းပေးကြသည်။
အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment