MNP ၊ ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြည်သူ့စာကြည့် တိုက်တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ ရုပ်ပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည် ၁၂နာရီခွဲအချိန်က ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် နောင်လာနောက်သားများအား လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့အတူ အာဇာနည်နေ့ သမိုင်းကြောင်း ဖြစ်ပေါ်လာပုံကို သိရှိစေရန် ရည်ရွယ်၍ ဂွမြို့နယ်ရုံးမှ အငယ်တန်းစာရေး ဒေါ်ခင်မြဝါက ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ရုပ်ပြပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment