ကသာမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

 


MNP - ဇူလိုင်  ၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင်  ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော် က ကျား၊ မရေးရာ(Gender)နှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု GBV ဆိုင်ရာများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောကလျာက လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ခိုင်မာရေး စသည့်အကြောင်းအရာများကို  ဟောပြောခဲ့ ကြသည်။


ထို့နောက် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ နဝမတန်းမှ ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)