လေးမျက်နှာမြို့နယ်တွင် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး





MNP - ဇူလိုင်   ၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်း၌ ရေဘေး ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲ ဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိူးမြင့်အောင်မှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံ ခန့်ခွဲမှုအစီအစဉ် များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင် စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် အသိပေးအချက်ပြ အလံများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ကာ ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဉ် ဇာတ်တိုက် လေ့ကျင့်ခြင်းအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် စုပေါင်းဓာတ်ပုံရိုက်ကူးကာ ပုသိမ်-မုံရွာကားလမ်း အတိုင်း ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ သည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)