ခန္တီးမြို့၌ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့၌ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP - ဇူလိုင်  ၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ မြို့သာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၅နာရီခွဲအချိန်က မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဖြစ်သည့် ကမ်းနား လမ်းစတီးလက်ရန်းတပ်ဆင်ခြင်းလုပ်ငန်းနှင့် We Love Hkamti(LED) ဆိုင်းဘုတ်တပ်ဆင်ခြင်း လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့် အမှာစကားပြောကြားပြီး ခန္တီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်း ထိုက်မှလုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် We Love Hkamti(LED) ဆိုင်းဘုတ်အား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းတို့က မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဖြစ်သည့် ကမ်းနားလမ်းစတီး လက်ရန်းတပ်ဆင်ခြင်းလုပ်ငန်းနှင့် We Love Hkamti(LED) ဆိုင်းဘုတ်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များမှ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကာ ကမ်းနားလမ်းစတီး လက်ရန်းတပ်ဆင်ခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)