သာပေါင်းမြိူ့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၁၈၆၅)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြိူ့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၁၈၆၅)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 



MNP - ဇူလိုင်   ၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများရှိ အသက် (၅)နှစ်မှ (၁၂)နှစ် ကြား ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှ စတင်၍ ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ‌ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အခြေခံပညာကျောင်းများရှိ အသက်(၅) နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(၂၁)ကျောင်းတို့မှ ကျောင်းသား(၉၁၈)ဦး၊ ကျောင်းသူ(၉၄၇)ဦး ပေါင်း(၁၈၆၅)ဦးတို့ကို ထိုးနှံပေးခဲ့နိုင်ပြီး ကျန်ရှိကျောင်းသား၊ ကျောင်းသူများအား ရာနှုန်းပြည့်မီအောင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)