ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၌ကျောင်းသားကျောင်းသူ (၉၄၄၃)ဦး အား ကိုဗစ်ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၌ကျောင်းသားကျောင်းသူ (၉၄၄၃)ဦး အား ကိုဗစ်ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီး





MNP ၊ ဇူလိုင် ၆

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံ ပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင် ယူနိုင်ရေးအတွက်  အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းအားမြို့နယ်ကျန်းမာရေးဦးစီးဌာနမှဆောင်ရွက်လျှက်ရှိရာ ကျိုက်ထိုမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ ပထမအကြိမ် ထိုးနှံထားပြီးသည့် ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် အဖြစ် ကိုဗစ်ရောဂါကာကွယ်ဆေး ကို ဇူလိုင် ၂ ရက်နေ့မှ ဇူလိုင် ( ၆)ရက်နေ့ထိ  စုရပ်နေရာ (၅၅)ခု ၌ ကျောင်းသား၊ကျောင်းသူ  (၉၄၄၃)ဦးအားထိုးနှံပြီးစီးခဲ့ကြောင်းသိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံရာတွင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ၊ကျန်းမာရေးဌာနဝန်ထမ်းများ ၊ ဆရာ/ဆရာမများ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီးကျောင်း သား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူမှ သဘောတူကြောင်း လက်မှတ်ရေးထိုးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စိုးရိမ်ရသည့်ရောဂါ လက္ခဏာ ရှိ/မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့သည်။

ဆက်လက်၍ကိုဗစ် ကာကွယ်ဆေးအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသည့်ရက်အတိုင်းအခြေခံပညာကျောင်းများသို့သွား‌ရောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)